ဇာတ်ပို့ဇာတ်ရံတစ်ယောက်မို့ ရစရာမရှိအောင် မိုးအောင်ရင်ဆီက အနှိမ်ခံလိုက်ရလို့ အရမ်းဝမ်းနည်းတယ်လို့ စိတ်မကောင်းဖြစ်ပြီး မျက်ရည်တွေနဲ့ပြောလာခဲ့တဲ့ လမင်းကဗျာ

တစ်ခါမှအဲ့လိုမျိုး နှိမ်ပြီးတော့ အပြောမခံရဖူးဘူး။ဒါ ဘဝမှာ ပထမဆုံးဘဲ။ညီမကို မျက်ရည်ခြူတယ်လို့လဲ အပြောမခံနိုင်ဘူး။အရမ်းဝမ်းနည်းတယ်။ပွဲရှာတာလည်းမဟုတ်ဘူး။ပွဲကလည်း မရှာလည်း သူ့ဘာသူရနေတာဆိုတော့လေ ရှာစရာလည်းမလိုဘူး။

ပုံတင်လိုက်တာက အကို့အတွက်အရမ်းနစ်နာသွားတယ်ဆိုလို့ရှိရင်ဒီနေရာကနေ ညီမတောင်းပန်ပါတယ်။သူ့ပွဲမဟုတ်ပါဘူးရှင့်။ညီမတို့စီစဉ်ကြတာလေ။သူငယ်ချင်း ဆယ့်နှစ်ယောက်shareပြီးတော့၁၂သိန်းကျတာ တစ်ယောက်၁သိန်း ရှဲပြီးတော့လုပ်တဲ့ပွဲပေါ့နော်။သူ့ပွဲမဟုတ်ဘူးရှင့်။ဟိုရောက်တော့မှ သူတီးမယ်ဆိုတာကို ညီမ သိလိုက်တာပေါ့နော်။သိလိုက်တော့လည်း ပျော်ပါတယ်။မဆုံတာလည်းကြာပြီဆိုတော့ ညီမပျော်သွားတယ်။

Leave a Reply

Your email address will not be published. Required fields are marked *