“ချစ်သူကျော်ထွဋ်ဆွေရဲ့လက်ထပ်ခွင့်တောင်းခံခြင်းကို လက်ခံလိုက်ပြီး မကြာခင်မှာ လက်ထပ်ကြတော့မယ့် နန်းသူဇာတို့စုံတွဲလေး

အနုပညာရှင်စုံတွဲတွေထဲ ပရိတ်သတ်ချစ်ခင်အားကျရလောက်တဲ့အထိ ရွှေလက်မြဲပြီးချစ်ခင်ကြတဲ့စုံတွဲအဖြစ်ပါဝင်နေတာကတော့ အဆိုတော် ကျော်ထွဋ်ဆွေ နဲ့ မော်ဒယ် နန်းသူဇာ တို့စုံတွဲပဲဖြစ်ပါတယ်။

နန်းသူဇာ က မော်ဒယ်လောကမှာပရိတ်သတ်ကချစ်ခင်မြတ်နိုးအားပေးရလောက်အောင် ချစ်စရာကောင်းတဲ့ မော်ဒယ်တစ်ဦးဖြစ်ပြီး ကိုကျော်ထွဋ်ဆွေ ဟာလည်း မိမိုက်တဲ့ Rap သီဆိုဟန်တွေနဲ့ ပရိတ်သတ်ရင်ထဲနေရာယူခဲ့သူ တစ်ဦးဖြစ်ပါတယ်။

ကျော်ထွဋ်ဆွေကတော့ ဘိုမရုပ်လေးလို ချစ်စရာကောင်းပြီး အမြဲသွက်လက်ပွင့်လင်းနေတဲ့ နန်းသူဇာနဲ့ အတွဲညီညီလက်တွဲနေတာပဲ ဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာဟာ တွဲလက်တွေခိုင်မြဲလာတာ ချစ်သူသက်တမ်း (၁၁ )နှစ်ကျော်ရှိနေပြီပဲ ဖြစ်ပါတယ်

ပရိသတ်တွေ သဘောကျအားပေးရတဲ့ Idol အနုပညာရှင်စုံတွဲတွေထဲက တစ်တွဲအပါဝင်ပါပဲ။ ဒါ့အပြင်သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ပါးပါး နေထိုင်လေ့ရှိတဲ့ အနုပညာရှင်စုံတွဲတစ်တွဲပါပဲဖြစ်ပါတယ်။

ကျော်ထွဋ်ဆွေ နဲ့နန်းသူဇာတို့ဟာ ပရိသတ်တွေခိုင်ခိုင်မာမာရရှိထားကြတဲ့ လူငယ်အဆိုတော်လေးတွေ ဖြစ်ကြပါတယ်။ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူတို့နှစ်ယောက် တွဲနေခဲ့ကြတာလည်း ၁၁ နှစ်ကျော် လောက် တောင်ရှိနေကြပါပြီ။

သူတို့အတွဲလေးဟာ အနုပညာရှင်လူငယ်စုံတွဲတွေကြားထဲမှာ အရမ်းချစ်ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ဒါ့အပြင်သူတို့ နှစ်ယောက်ရဲ့ တွဲလက်တွေ အရမ်းကို ခိုင်မြဲကြတယ်ဆိုတာ သူတို့တွဲနေတဲ့ အချိန်ကာလက သက်သေပြလို့နေပါတယ်။

I said YES 🙈🥰
ဒီတခါတော့ ကိုကျော်ကြီး Surprise အောင်မြင်ခဲ့ပြီ 😅

သူ့ကောင်မလေး နန်းသူဇာကို ဘယ်လောက်ချစ်လဲဆိုတာ ပြနိုင်တာကြောင့် ပရိသတ်တွေကတော့ သူတို့အတွဲလေးကို အရမ်းကို အားကျနေကြပါတယ်။ 

Leave a Reply

Your email address will not be published.