ပရိတ်သတ်တွေ လွမ်းနေကြမယ်ထင်လို့ အမှတ်တရဓာတ်ပုံလေးတွေ တင်ပေးလိုက်တဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်

မအူဝဲလို့ လူသိများတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာဆိုရင် ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ အသက် ၄၅ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကို ၁၉၇၇ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မအူဝဲဟာ သူမချစ်ရတဲ့သူ သရုပ်ဆောင် ပြေတီဦးနဲ့ လူသိရှင်ကြား လက်ထပ်ခဲ့ပြီး ချစ်စရာ သမီးလေးတစ်ယောက် ၊ သားလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာဆိုရင် အောင်မြင်မှုတွေများစွာရရှိနေတဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ မြန်မာမှာသာမက ကမ္ဘာမှာပါ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နေတဲ့သူဖြစ်ပါတယ်။ သူမရရှိခဲ့တဲ့ဆုတွေက ၂၀၀၁ ခုနှစ်မှာ အမျက်နှာများတဲ့ကောင်းကင်ဇာတ်ကားနှင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၊

၂၀၀၉ ခုနှစ်မှာဆိုရင် အတိတ်၏အရိပ်ဇာတ်ကားနှင့် Asian Academy Awards ကနေရော Golden Rooster Awards ကနေရော အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။ အဲဒါတင်မကသေးပါဘူး။ သူမဟာ၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိလည်း ဆုတွေအများကြီးရရှိခဲ့တဲ့ သူဖြစ်ပါတယ်။

သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကတော့အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်နော်။

နာမည်ကြီး အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကအကျဉ်းထောင်ထဲကနေ လွတ်လာကြတဲ့အချိန်ကနေ အခုအချိန်အထိ ပရိသတ်မြင်ကွင်းရှေ့ကို ထွက်ရှိလာခြင်းမရှိသေးပါဘူး။

အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကပရိတ်သတ်တွေ လွမ်းနေကြမယ်ထင်လို့ အမှတ်တရဓာတ်ပုံလေးတွေအခုလိုတင်ပေးလိုက်ပါတယ်နော်။

သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကလွမ်းနေမယ်ထင်လို့ ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published.