The Voice Myanmar မှ ဟိန်းသူစိုး (ခ) Shake မူးယစ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ဖမ်းဆီးခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နှင့် ကရင်ပြည်နယ်၊ မြ၀တီမြို့တို့တွင် ငွေကျပ် ၁၇၀၅ ဒသမ ၃၇ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်။ မေ ၃၁

မေလ ၂၅ ရက်နေ့ ၁၄၄၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များသည် သတင်းအရ သက်သေများနှင့်အတူ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိ —- ဟိုတယ်အခန်းအား ၀င်ရောက်ရှာဖွေရာ တည်းခိုနေသူ ဟိန်းသူစိုး(ခ)Shake နှင့် နိုင်လွင် တို့အားတွေ့ရှိပြီး ဟိန်းသူစိုး(ခ)Shake ထံမှ အက်တက်စီဆေးပြား ၅၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၂၀)၊ ကတ်တမင်းအလေးချိန် ၃ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ် ၁.၅သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၁၉၀၀ အချိန် ထက်ဝေအောင် အား ရန်ကင်းမြို့နယ်၊

အမှတ်(၅)ရပ်ကွက်ရှိ —- ဟိုတယ်ကားပါကင်၌ Chevrolet အမျိုး အစား မော်တော်ယာဉ် ၁ စီးနှင့်အတူ အက်တက်စီဆေးပြား ၄၀၀၀ ပြား၊ ကတ်တမင်း ၁၇၀ ဂရမ်(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၅၁ သိန်း)၊ စိတ်ပြောင်းဆေးဝါးဟုယူဆရသော ဖြူ/ပြာ/လိမ္မော်ရောင်အမှုန့်(စိစစ်ဆဲ) ၄၉၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အားလည်းကောင်း၊

မေလ ၂၆ ရက်နေ့ ၀၇၀၀ အချိန် မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် ကောင်းစစ်(ခ)ကိုစစ် အား ကတ်တမင်းအလေးချိန် ၀.၂ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၇၀၀၀)၊ အက်တက်စီဆေးပြား ၁ ပြား(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၅၀၀၀၀)၊

စိတ်ပြောင်းဆေးဝါးဟုယူဆရသော ရွှေရောင်အမှုန့်(စိစစ်ဆဲ) ၁၅ ဂရမ်(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၄.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဟိန်းသူစိုး(ခ)Shake(၁၉)နှစ်၊ နိုင်လွင်(၃၀)နှစ်၊ ထက်ဝေအောင်(ခ)Jason(၃၁)နှစ် နှင့် ကောင်းစစ်(ခ)ကိုစစ်(၅၀)နှစ် တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြ အပ်ပါသည်။

(Unicode)

Leave a Reply

Your email address will not be published.