ပြသချိန် ၁၂နာရီအတွင်းမှာပဲ ကြည့်ရှုသူ တစ်သန်းကျော်သွားပြီဖြစ်တဲ့ နိုင်ငံပျောက်သူ ဇာတ်လမ်းတို

ပြည်သူ့ဘက်တော်သား ၊ ပြည်သူချစ်အနုပညာရှင်များဖြစ်ကြတဲ့ မင်းသား ဒေါင်း နဲ့ မင်းသမီး ပိုင်ဖြိုးသု ပါဝင်ရိုက်ကူးထားပြီး ဒါရိုက်တာ ဏကြီး ဖန်တီးထုတ်လုပ်ထားတဲ့ နိုင်ငံပျောက်သူ ရုပ်ရှင် ဇာတ်ကား ကို ဒီကနေ့ မေလ(၃၀)ရက်နေ့ မနက်(၈)နာရီ မှာ Pa Day Thar Pin Youtube Channel (ပဒေသာပင် Youtube Channel) မှ ထုတ်လွှင့်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

” နိုင်ငံပျောက်သူ ” ရုပ်ရှင်ဇာတ်လမ်းတို ကို လက်ရှိကြုံတွေ့နေရတဲ့အဖြစ်အပျက်အားအခြေခံကာ ဖန်တီးပုံဖော်ထားပြီး ဒါရိုက်တာ ဏကြီး ရဲ့ ရိုက်ချက်များ ၊

ဒေါင်း နဲ့ ပိုင်ဖြိုးသု တို့ရဲ့ သဘာဝကျလွန်းတဲ့ ခံစားချက်ပါပါ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရှုသူ ပရိတ်သတ်တွေက တစ်ခဲနက် အားပေးခဲ့ကြပါတယ်။

အဆိုပါ ” နိုင်ငံပျောက်သူ ” ရုပ်ရှင်ဇာတ်လမ်းတို ဟာ ထုတ်လွှင့်ပြီးချိန်(၁၂)နာရီအတွင်းမှာပဲ ကြည့်ရှုသူ (၁)သန်းအထိပြည့်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

မျက်ရည်ဖြိုင်ဖြိုင်ကျလောက်အောင် ထိမိလွန်းတဲ့ “နိုင်ငံပျောက်သူ” ရုပ်ရှင်ဇာတ်လမ်းတို ရဲ့နောက်ကွယ်ကရိုက်ကွင်းပုံရိပ်တွေကိုလည်းပရိတ်သတ်ကြီးခံစားနိုင်စေဖို့ဖော်ပြလိုက်ရပါတယ်။

နိုင်ငံပျောက်သူ Short Film ဟာ ယူကျုမှာ
ပြသချိန် (၁၂) နာရီအတွင်းမှာပဲ ကြည့်ရှုသူ
တစ်သန်းကျော်သွားခဲ့ပါပြီ 😍

ဒီ Short film ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ ကိုဏကြီး၊
သရုပ်ဆောင် ကိုဒေါင်း ၊ မသု ၊ ကို‌ကျားပေါက်နဲ့တကွ
ပါဝင်ကူညီပေးတဲ့အဖွဲ့သားအားလုံးကိုဂုဏ်ပြုပါတယ်
ခင်ဗျာ။

အခုလို အနုပညာရှင်စစ်စစ်တွေရဲ့ အနုပညာဖန်တီးမှုကို
တစ်ခဲနက်အားပေးကြတဲ့ ပြည်သူတွေ အားလုံးကိုလည်း
ကျေးဇူးအထူးတင်ရှိပါတယ်။

ဒီနေ့မှာ ကြည့်ရှုပြီးတဲ့သူတွေကတော့ နောက်နေ့တွေမှာ
တခြားဗီဒီယိုလေးတွေလည်းဝင်ကြည့်ပေးကြပါ။
ဒီဇာတ်လမ်းကိုကြိုက်နှစ်သက်လို့ ထပ်ကြည့်ချင်ရင်လည်း
Loop လုပ်ပြီးမကြည့်ဘဲ ဒါလေးကြည့်လိုက် C2D ,
Thadin click လိုက် , P2D က ဂိမ်းလေးတွေဝင်ဆော့လိုက်
နဲ့ အလှည့်ကျ လုပ်ပေးကြပါခင်ဗျာ။

အရေးကြီးတာကတော့ ပြည်တွင်းဆို VPN သုံးဖို့
(ပြည်ပဆို မသုံးလည်းရပါတယ်) , ကြော်ငြာတွေ
ကိုလည်း ကြည့်စရာမလိုပဲ Skip Ads ပေါ်လာရင်
ကျော်ပစ်ပေးပါ။

ဒီနေ့တစ်ရက်ထဲ လူတွေပြုံဝင်ပြီး နောက်ရက်တွေ
လူမဝင်တော့ရင် ကြော်ငြာခတွေ လျှော့ခံရနိုင်တာမို့
နေ့တိုင်းအနည်းဆုံး (၅) မိနစ်လောက်အချိန်ပေးပြီး
ပုံမှန်လေးဝင်ကြည့်ပေးကြပါ။

ညပိုင်းအချိန်ရှိတုန်းလေး တခြား YouTube Channel
လေးတွေ ၊ App လေးတွေလည်းဝင်ပြီးတော့ ကလစ်
တပ်သား တာဝန်ကိုထမ်းဆောင်လိုက်ကြရအောင်ဗျာ 💪

‌နိုင်ငံပျောက်သူ

Leave a Reply

Your email address will not be published.