ကြည့်ရှူပြီးသူတိုင်း နင့်နေအောင်ခံစားရပြီး မျက်ရည်ပေါက်ပေါက်ကျခဲ့ရတဲ့ ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့ရဲ့ ‘နိုင်ငံပျောက်သူ’ ဇာတ်လမ်း You Tube Link

နိုင်ငံပျောက်သူ ဇာတ်လမ်းတို ယနေ့ စတင်ထုတ်လွှင့်

ဒါရိုက်တာ ဏကြီး ရိုက်ကူးပြီး သရုပ်ဆောင် ဒေါင်းနဲ့ အကယ်ဒမီ ပိုင်းဖြိုးသူတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုကို ပဒေသာပင် ယူကျု့ ချယ်နယ် (Pa Day Thar Pin You Tube Chennal ) မှာ ဒီကနေ့ မေလ ၃၀ ရက် မနက် ၈ နာရီက လွှင့်တင်ထားတယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတိုဟာ ရင်ဘက်ချင်းနီးစပ်သူတွေ စုပြီး ရိုက်ကူးထားတာဖြစ်တယ်လို့လည်း အကယ်ဒမီ ပိုင်ဖြိုးသူ က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဒီဇာတ်ကားရဲ့ နောက်ခံ တေးဂီတကို အဆိုတော် ကျားပေါက်က ဖန်တီးထားတယ်လို့လည်း သိရပါတယ်။

ဒီဇာတ်ကားမှာ အဓိက ပါဝင်သူအများစုဟာ အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရ သူတွေ ဖြစ်ပြီး အဲဒီထဲမှာ သရုပ်ဆောင်ဒေါင်းကတော့ နိုင်ငံသားအဖြစ်က ပယ်ဖျက်ခံထားရ ပါတယ်။

နိုင်ငံပျောက်သူ ဇာတ်လမ်းတိုကို Pa Day Thar Pin YouTube videoရဲ့ direct link တွေ ကနေ Facebook လူမှုကွန်ရက်မှာ တင်ပေးတာမျိုး မပြုလုပ်ဖို့နဲ့ မူလတင်ထားတဲ့ YouTube မှာပဲ ကြည့်ရှုကြဖို့လည်း တိုက်တွန်းထားပါတယ်။

You tubeမှကြည့်ရန်

Leave a Reply

Your email address will not be published.