“နိုင်ငံပျောက်သူ”ဇာတ်လမ်းတိုကို အခက်အခဲတွေများစွာနဲ့ ရိုက်ကူးခဲ့ရတဲ့နောက်ကွယ်က အမှတ်တရပုံတွေကို ဖော်ပြလာတဲ့ ပြည်သူ့မင်းသမီး ပိုင်ဖြိုးသု

သရုပ်ဆောင် ပိုင်ဖြိုးသုဟာ အနုပညာမှာရော ရုပ်ရည်မှာပါ ထိပ်တန်းရှိတဲ့ ပြည်သူချစ် မင်းသမီးလေးပါ။ နွေဦးတော်လှန်ရေးမှာလည်း ကျရာနေရာက ထမ်းဆောင်နေတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။

အကယ်ဒမီ သရုပ်ဆောင် ပိုင်ဖြိုးသု ကတော့ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုများကို ဖေဖော်ဝါရီလကတည်းမှ စတင်ပြီး ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပါ။ နေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင်အောင် လမ်းမပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ပရိသတ်များက ချီးကျူးဂုဏ်ပြုနေကြတာပါ။ အခုလိုမျိုး တက်ကြွစွာ ပါဝင်ခဲ့တာကြောင့်လည်းပုဒ်မ(၅၀၅) က နဲ့ တရားစွဲဆို ခံထားရတာလည်း ဖြစ်ပါတယ်။

ပြည်သူဘက်မှ ရပ်တည်တဲ့ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသား ဒေါင်း နဲ့ မင်းသမီး ပိုင်ဖြိုးသု ပါဝင်ရိုက်ကူးထားတဲ့ နိုင်ငံပျောက်သူ ရုပ်ရှင် ဇာတ်ကား ကို ဒီကနေ့ မေလ(၃၀)ရက်နေ့ မှာ Pa Day Thar Pin Youtube Channel (ပဒေသာပင် Youtube Channel) မှ ထုတ်လွှင့်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

မင်းသမီးချောလေး ပိုင်ဖြိုးသု ရဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီး က ရိုက်ကူးထားတဲ့ “နိုင်ငွပျောက်သူ”ရုပ်ရှင်ထုတ်လွှင့်ပြီးပြီးချင်းမှာပဲ မင်းသမီးချောလေးပိုင်ဖြိုးသု က ရိုက်ကူးရေးနောက်ကွယ်က ပုံရိပ်အချို့ကို ဖော်ပြလာခဲ့ပါတယ်။

“နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုရိုက်ကွင်းနောက်ကွယ်ပုံရိပ်များ…..

ဒီဇာတ်ကားလေးရိုက်ဖို့အခက်အခဲတွေအများကြီးကို ချစ်ခင်ရတဲ့မိတ်ဆွေများအကူအညီနဲ့ဖြတ်ကျော်ပြီး ကြိုးစားရိုက်ကူးခဲ့ပါတယ်….

Emergency roomထဲရောက်သွားပြီး၃ရက်အကြာမှာရိုက်ထားတာဆိုတော့ထိုးဆေးစားဆေးတွေအရှိန်နဲ့ဖောရောင်ဖောင်းကားနေတာလေးတော့သည်းခံကြည့်ပေးကြပါ။
📸 – Daniel Aung

*VPN ချိတ်ပါ
*Youtubeဖွင့်ပါ
*”နိုင်ငံပျောက်သူ”လို့ရိုက် ရှာပြီးကြည့်ပါ
*ကြော်ငြာတက်လာရင်”Skip ad”နှိပ်ကျော်ပြီးဆက်ကြည့်‌ပေးပါ❤️

ဒီပုံလေးတွေကြည့်ရတာ တကယ်ကို အခက်အခဲများကြားမှ ဘယ်လောက်အထိကြိုးစားရိုက်ကူးခဲ့ရလဲဆိုတာကို ခံစားလို့ရပါတယ်။ မကြည့်ရသေးတဲ့ ပရိတ်သတ်တွေအနေနဲ့လည်း “နိုင်ငံပျောက်သူ” ဇာတ်ကား ကိုကြည့်ရှုနိုင်စေရန် ဖော်ပြပေးလိုက်ပါရတယ်။

Leave a Reply

Your email address will not be published.