အမေရိကန်လက်ဝှေ့မယ်ကို အနိုင်ယူပြီး Thai Fight ၄ ပွဲဆက်တိုက် အနိုင်ရယူခဲ့တဲ့ မြန်မာလက်ဝှေ့အမျိုးသမီး ဘရော်နီကာ

ဘရော်နီကာက အမေရိကန်လက်ဝှေ့မယ်ကို အနိုင်ယူပြီး Thai Fight ၄ ပွဲဆက်တိုက် အနိုင်ရ


ထိုင်းနိုင်ငံမှာ မေ ၂၉ ရက် ဒီနေ့ည ယှဉ်ပြိုင်ထိုးသတ်သွားတဲ့ Thai Fight မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲမှာ ကယန်းကျားသစ်မယ်လို့ လူသိများတဲ့ မြန်မာနိုင်ငံက ကရင်နီ အမျိုးသမီးလက်ဝှေ့သမား ဘရော်နီကာ (Vero V.Rujirawong) က ပြိုင်ဘက် အမေရိကန် အမျိုးသမီးလက်ဝှေ့သမား Angela Chang ကို အနိုင်ရသွားပါတယ်။


ဒီပွဲမှာ သုံးချီအပြည့် ရေကုန်ရေခန်းယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီးနောက် ဘရော်နီကာက အမှတ်နဲ့ နိုင်ရသွားတာဖြစ်ပါတယ်။


ဘရော်နီကာဟာ Thai Fightရဲ့ ၄ ပွဲမြောက် ဆက်တိုက်အနိုင်ရတာဖြစ်ပြီး လာရောက်အားပေးကြသူတွေကိုရော အွန်လိုင်းကနေ ကြည့်ရှုအားပေးကြတဲ့ ပရိတ်သတ်တွေ အားလုံးကို

ရင်ထဲကအထူးကျေးဇူးတင်တဲ့ အကြောင်း ပွဲအပြီးမှာ ဘရော်နီကာက သူ့ရဲ့လူမှုကွန်ရက်ကနေ ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published.